#RejectMilitary
Unicode VErsion
CDM လုပ်ကြတဲ့ပြည်သူ့ဝန်ထမ်းတွေကိုလေးစားကြောင်းနှင့် သူမအနေနဲ့လည်းစစ်အာဏာရှင်များနှင့်ဆက်စပ်တဲ့မည်သည့်စီးပွားရေးလုပ်ငန်းကိုမှ ကြော်ငြာမရိုက်ကူးတော့ဘူးဟုဆိုလာတဲ့ဖွေးဖွေး
မင်းသမီးချောလေးအကယ်ဒမီဖွေးဖွေးက တော့ သူမနေနဲ့ CDM မှာ အင်တိုက်အားတိုက်ပါဝင်ကူညီနိုင်ခြင်းမရှိလို့ စိတ် မကောင်းဖြစ်ရကြောင်းနဲ့ သူမတတ်နိုင်တဲံ အနုပညာ အလုပ်နဲ့ တတ်နိုင်တဲ့ဘက်က သူမလည်း ပါဝင် ကူညီလိုကြောင်းပြောကြားလာကာ ယနေ့မှာတော့ Status လေးတခုတင်ကာပြည်သူ့ဘက်က အပြည့်အဝ ရပ်တည်လိုက်တာပါနော်
Civil Disobedience Movementမှ ာပါဝင်ပေးနေကြတဲ့ပြည်သူ့ဝန်ထမ်းများအားလုံးကို တစ်ဦးတစ်ယောက်ချင်းစီ လေးစားဂုဏ်ယူအသိမှတ်ပြုပါတယ်။
ဖွေး ကိုယ်တိုင်ကပြည်သူ့ဝန်ထမ်းမဟုတ်တဲ့အတွက် ပြည်သူ့ဝန်ထမ်းများ CDM ကို ပါဝင်လာအောင်စည်းရုံးခြင်း နှင့် CDM လုပ်ပေးတဲ့ဝန်ထမ်းများ အတွက် တတ်အားသမျှလှူ တာမှတပါး ပိုမိုထိရောက် တဲ့အရာများကို မလုပ်နိုင်တာ စိတ်မကောင်းဖြစ်ရပါတယ်… ။📽🎬🎞 🎭
ဒါကြောင့်သရုပ်ဆောင်ပြည်သူတစ်ယောက်အနေနဲ့ကိုယ်တတ်နိုင်တဲ့အပိုင်းကနေပါဝင်ပါမယ်။ ကျွန်မ “ဖွေးဖွေး” သည် ဒီနေ့ဒီအချိန်
ဖေဖော်ဝါရီ ၂၀၂၁ မှ စ၍ စစ်အာဏာရှင်များနှင့်ဆက်စပ်တဲ့မည်သည့်စီးပွားရေးလုပ်ငန်းကိုမှကြော်ငြာပေးခြင်းပြုလုပ်သွားမှာမဟုတ်သလို စစ်အာဏာရှင်များနှင့်ဆက်စပ်သောထုတ်လုပ်ရေးများနှင့်လည်းမည်သည့်အနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်ဆောင်တော့မည်မဟုတ်ပါ ကြောင်း ။
#CivilDisobedienceMovement
#RejectMilitary
#Boycottmilitarybusiness
ပရိတ်ကြီးရေ မင်းသမီးချောလေး ဖွေးဖွေးရဲ့ လုပ်ရပ်ကို ထောက်ခံတယ်ဆို ရင် ကော့မန့်မှာ တခုခုပြောသွားပေးကြပါဦးနော်..