မႏၲေလး UAB BANK လုယက္မုွက်ဴးလြန္သူ ႀကိဳးဆြဲခ် မဆုံးခင္ ေနာက္ဆုံးေရးခဲ့တဲ့ ေသြးနဲ႔ေရးတဲ့စာ

မႏၲေလး UAB BANK လုယက္မုွက်ဴးလြန္သူ ႀကိဳးဆြဲခ် မဆုံးခင္ ေနာက္ဆုံးေရးခဲ့တဲ့ ေသြးနဲ႔ေရးတဲ့စာ

“ေနာက္ဘ၀လူႀကီးျဖစ္ေအာင္လုပ္မယ္”ဟုေသြးစာေရးကာသတ္ေသသူမွာဘဏ္လုယက္မုွက်ဴးလြန္သူျဖစ္ေန

အမႈျဖစ္စဥ္မွာ၁၇.၁၀.၂၀၂၀ရက္နံနက္၁၁နာရီ၁၀မိနစ္အခ်ိန္မႏၲေလးတိုင္းေဒသႀကီး၊ခ်မ္းၾမသာစည္ၿမိဳ႕နယ္၊ေအာင္ပင္လယ္နယ္ေျမရဲစခန္းတြင္ရဲအုပ္စိန္ထြန္းဦးတာ၀န္ထမ္းေဆာင္ေနစဥ္ဒုရဲအုပ္သဥၨာေထြး၎သည္၁၇.၁၀.၂၀၂၀ရက္၇နာရီခြဲအခ်ိန္ခန႔္တြင္ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ေအာင္သာယာရပ္ကြက္၁၁၆(ဂႏၶာမာ) • ၁၁၇(ယုဇန)လမ္း၊ ၄၄ လမ္းအေနာက္ဘက္၌အမ်ိဳးသားတစ္ဦးႀကိဳးဆြဲခ်ေသဆုံး ေနေၾကာင္း

 

သတင္းအရ စခန္းမႉးရဲအုပ္ စိန္ထြန္းနယ္ထိန္းအရာရွိဒုရဲအုပ္ဝင္းပိုင္ရဲဒုတပ္ျကပ္ျပည့္ၿဖိဳးေအာင္၊သက္ေသေအာင္သာယာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ဦးေအာင္ေက်ာ္နိုင္(ရာအိမ္မႉးဦးျမင့္သန္းဦးသန္းဝင္းတို႔ႏွင့္အတူသြားေရာက္စစ္ေဆးခဲ့ရာ ေသဆုံးသူမွာ

ေမာင္ေအာင္ေက်ာ္ထြန္း (၃၂)ႏွစ္၊ညည၇၆/၁၀သင္ပုန္းကုန္းရပ္ကြက္၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေနသူျဖစ္ၿပီးေအာင္သာယာရပ္ကြက္၊၁၁၆(ဂႏၶမာ)•၁၁၇(ယုဇန)လမ္း၊၄လမ္းအေနာက္ရွိၿခံဝန္းအလြတ္ရွိအုတ္တံတိုင္းၿခံစည္းရိုးတြင္သြပ္နန္းႀကိဳးအားႀကိဳးအျဖင့္အသုံးျပဳ၍ႀကီးလြဲခ်ေသဆုံးေနသည္ကိုေတြ႕ရွိရသျဖင့္

 

ေသဆုံးအေလာင္၏အနီးဝန္းက်င္အားသက္ေသမ်ားႏွင့္အတူစိစစ္ရာေအာင္သမာဓိတံဆိပ္ပါဗလာစာအုပ္အတြင္း၌ဘလိတ္ဓား(၁)ေခ်ာင္းႏွင့္ ေသြးမ်ား၊ ျဖင့္ ေရးသားသည့္” က်ဳပ္ကို ခိုင္းလို႔လုပ္တာ၊ ပိုက္ဆံ လည္းက်ဳပ္မရဘူး၊ဒါမိသားစုႏွင့္မဆိုင္ဘူး၊ေနာင္ဘ၀မွာလူႀကီးျဖစ္ေအာင္လုပ္မယ္”ဟုေသာစာသားမ်ားေတြ႕ရကာ၄င္း၏ခႏၶာကိုယ္အားစစ္ေဆးခဲ့ရာ

လ်ာအနည္းငယ္ထြက္ျခင္း၊လိင္တံမွသုတ္ရည္မ်ားထြက္ျခင္း၊ဝဲဘက္လက္ခံုမွေသြးမ်ားထြက္ေနျခင္း၊လည္ပင္း၌ သြပ္နန္းႀကီဳးအရာမ်ားသာေတြ႕ရၿပီး အျခားျပင္ပဒဏ္ရာမ်ားမရွိေတြ႕ရွိခဲ့သျဖင့္၄င္းေသဆုံးသူအေလာင္းအားရဲေဆးစာေရးသား၍မႏၲေလးျပည္သူ႕ေဆး႐ုံႀကီးသို႔တင္ပို႔ခဲ့ရာPR(11/2020)ျဖင့္လက္ခံခဲ့ၿပီးေအာင္ေက်ာ္ထြန္း႐ုတ္တရက္ေသဆုံးျခင္းႏွင့္ပတ္သက္၍မၼတာအတိုင္းေသဆုံးျခင္း ဟုတ္/မဟုတ္ စစ္ေဆးနိုင္ရန္အတြက္ ဒုအုပ္ သဥၨာေထြးမွတရားလိုျပဳလုပ္တိုင္တန္းခဲ့ရာေအာင္ပင္လယ္နယ္ေျမရဲစခန္းေသမုွေသခင္းအမွတ္(၆/၂၀၂၀)ႏွင့္အမုွေရးဖြင့္ေဆာင္႐ြက္ခဲ့သည္ဟုဆို၏။

 

ရဲစခန္းအခ်င္းခ်င္းခ်ိတ္ဆက္ခဲ့ရာမွေသဆံုးသူေအာင္ေက်ာ္ထြန္းမွာလြန္ခဲ့ေသာ၁၅.၁၀.၂၀၂၀ရက္ေန႔ေန႔လည္၃နာရီခြဲခန႔္အခ်ိန္တြင္မႏၲေလးၿမိဳ့၊ျပည္ႀကီးတံခြန္ၿမိဳ့နယ္၊၆၂လမ္းႏွင့္ရတနာလမ္းေထာင့္ရွိယူေအဘီဘဏ္အတြင္းသို့ဆိုင္ကယ္စီးဦးထုပ္ေဆာင္း၍Maskတပ္ဆင္လ်က္အမ်ိဳးသားတစ္ဦး ဝင္ေရာက္လာၿပီး လုံျခဳံေရးႏွင့္ဘဏ္ဝန္ထမ္း မ်ားအားေသနတ္အတို(စိစစ္ဆဲ)ျဖင့္ခ်ိန္ရြယ္၍ေငြက်ပ္သိန္း၂၀၀လုယက္ယူေဆာင္ၿပီး4D-5422MarkIIအျဖဴေရာင္ယာဥ္ျဖင့္ေမာင္းႏွင္ထြက္ေျပးခဲ့ေၾကာင္းသိရသည္။

အမွုႏွင့္ပတ္သက္၍ ျဖစ္လၽွင္ျဖစ္ျခင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ကစုံစမ္းရာျပစ္မွုက်ဴးလြန္သူ အသုံးျပဳခဲ့သည့္ 4D-5422 Mark II အျဖဴေရာင္ယာဥ္ကို ကားအတြင္း ထိုင္ခုံမ်ားအား ဓါတ္ဆီေလာင္းမီးရွို့ထားၿပီးျပည္ႀကီးတံခြန္ၿမိဳ့နယ္၊(ခ)ရပ္ကြက္အတြင္းရွိဒူးၾကားလမ္းေပၚတြင္ယင္းေန႔ညေနပိုင္းတြင္ေတြ႕ရွိရေၾကာင္း၊

ယာဥ္ႏွင့္ပတ္သက္၍စိစစ္ခဲ့ရာ၎ယာဥ္သည္လိုင္စင္မဲ့ယာဥ္ျဖစ္ေၾကာင္း၊ယာဥ္အတြင္းရွာေဖြရာေလေသနတ္တြင္ထည့္သြင္းအသုံးျပဳသည့္ေဘာေစ့မ်ားႏွင့္ယာဥ္ဒက္ရွ္ဘုတ္ေပၚ၌ “ကားေရႊ႕လိုလၽွင္ ၀၉၆၇…….”ဟု ေရးထားသည့္ စာရြက္တစ္ရြက္ေတြ႕ရေၾကာင္း၊

ယင္းဖုန္းနံပါတ္ကိုစိစစ္ရာဖုန္းမွတ္ပုံတင္ထားသူမွာ ေအာင္ေက်ာ္ထြန္း၊၊ေရႊဘိုၿမိဳ့ေနသူ ျဖစ္ေၾကာင္း သိရွိရသျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ႏွင့္ ခ်ိတ္ဆက္စုံစမ္းခဲ့ရာယင္းမွတ္ပုံတင္ကိုင္ေဆာင္သူသည္လြန္ခဲ့သည့္၁၀ႏွစ္ခန႔္ကတည္းကမႏၲေလးၿမိဳ့သို့ေျပာင္းေရႊ႕ေနထိုင္သည္ကိုစုံစမ္းရရွိေၾကာင္း၊

မွတ္ပုံတင္နံပါတ္ကိုအေျခခံ၍ဆက္လက္စုံစမ္းခဲ့ရာေအာင္ေက်ာ္ထြန္းသည္မႏၲေလးၿမိဳ့၊ျပည္ႀကီးတံခြန္ၿမိဳ့နယ္၊သင္ပန္းကုန္းရပ္ကြက္တြင္ေနထိုင္ေၾကာင္းအတည္ျပဳရရွိ၍၎၏ေနအိမ္သို့၁၆.၁၀.၂၀၂၀ရက္ေန႔ညတြင္ေစာင့္ၾကည့္စိစစ္ရာထူးျခားလွုပ္ရွားမွုတစ္စုံတစ္ရာမရွိေၾကာင္း၊

သို့ျဖစ္၍နံနက္လင္းခ်ိန္တြင္ အိမ္အတြင္း ဝင္ေရာက္စိစစ္ခဲ့ရာ ၎အား မေတြ႕ရွိရဘဲ ဇနီးျဖစ္သူသာ ေတြ႕ရွိရၿပီး ယာဥ္ေပၚတြင္ေတြ႕ရေသာဖုန္းနံပါတ္၀၉၆၇၆၇၆၇၅၆၁မွာေအာင္ေက်ာ္ထြန္း၏ဖုန္းနံပါတ္မွန္ကန္ေၾကာင္းႏွင့္ ယာဥ္မွာလည္း ၎တို့ဝယ္ယူထားသည့္ ယာဥ္မွန္ကန္ေၾကာင္းကိုအတည္ျပဳစိစစ္ရရွိခဲ့ေၾကာင္း၊

ေအာင္ေက်ာ္ထြန္းသည္ အဆိုပါယာဥ္ကို စက္တင္ဘာလအတြင္းက Online မွ တစ္ဆင့္ ေအာင္ျပည့္ၿဖိဳးသူ(ခ)ေကာင္းခန႔္ေက်ာ္ႏွင့္ခ်ိတ္ဆက္၍ဝယ္ယူခဲ့သည္ကို၎၏ဖုန္းမွတ္တမ္းမ်ားအရစိစစ္ေတြ႕ရွိရၿပီးေဘာေစ့ႏွင့္ပစ္သည့္ေသနတ္ကိုလည္းOnlineမွတစ္ဆင့္ခ်ိတ္ဆက္ဝယ္ယူခဲ့သည္ကိုေတြ႕ရွိရေၾကာင္း၊

ေအာင္ေက်ာ္ထြန္းအားဖမ္းဆီးရမိေရးဆက္လက္စုံစမ္းေနစဥ္နံနက္၇နာရီခြဲအခ်ိန္တြင္ခ်မ္းျမသာစည္ၿမိဳ့နယ္၊ဗဟိုမီးသတ္ၿခံဝင္း၏အျပင္ဘက္တြင္လူတစ္ဦးႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္းသတင္းအရရဲတပ္ဖြဲ႕မွသြားေရာက္စစ္ေဆးခဲ့ရာေသဆုံးသူ၏လက္ေကာက္ဝတ္တြင္ေသြးေၾကာအားဓါးျဖင့္အနည္းငယ္လွီးထားသည့္ဒဏ္ရာႏွင့္ ေသဆုံးသူအနီး၌ ၅၉ယ/၅၂၆၉၈ နံပါတ္ပါ ဆိုင္ကယ္ကိုေတြ႕ရၿပီးဆိုင္ကယ္Toolboxအတြင္းမွ ေအာင္ေက်ာ္ထြန္း အမည္ပါမွတ္ပုံတင္မိတၱဴႏွင့္ အိမ္ေထာင္စုဇယားမိတၱဴတို့ကိုေတြ႕ရွိရသျဖင့္ေသဆုံးသူမွာအမွုျဖင့္စုံစမ္းလ်က္ရွိသည့္ေအာင္ေက်ာ္ထြန္းျဖစ္သည္ကိုအတည္ျပဳရရွိခဲ့ေၾကာင္းသိရကာဆက္လက္စစ္ေဆးေနေၾကာင္းသိရသည္။

ေအာင္ေက်ာ္ဦး(ျပည္မ်က္လံုး)S.H

ရူွေထာင့္မုွခင္းႏွင့္သတင္းဂ်ာနယ္

Unicode

မန္တလေး UAB BANK လုယက်မုှကျူးလွန်သူ ကြိုးဆွဲချ မဆုံးခင် နောက်ဆုံးရေးခဲ့တဲ့ သွေးနဲ့ရေးတဲ့စာ

“နောက်ဘဝလူကြီးဖြစ်အောင်လုပ်မယ်”ဟုသွေးစာရေးကာသတ်သေသူမှာဘဏ်လုယက်မုှကျူးလွန်သူဖြစ်နေ

အမှုဖြစ်စဉ်မှာ၁၇.၁၀.၂၀၂၀ရက်နံနက်၁၁နာရီ၁၀မိနစ်အချိန်မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊အောင်ပင်လယ်နယ်မြေရဲစခန်းတွင်ရဲအုပ်စိန်ထွန်းဦးတာဝန်ထမ်းဆောင်နေစဉ်ဒုရဲအုပ်သဉ္ဇာထွေး၎င်းသည်၁၇.၁၀.၂၀၂၀ရက်၇နာရီခွဲအချိန်ခန့်တွင်ချမ်းမြသာစည်မြို့နယ်၊အောင်သာယာရပ်ကွက်၁၁၆(ဂန္ဓာမာ) • ၁၁၇(ယုဇန)လမ်း၊ ၄၄ လမ်းအနောက်ဘက်၌အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး နေကြောင်း

သတင်းအရ စခန်းမှူးရဲအုပ် စိန်ထွန်းနယ်ထိန်းအရာရှိဒုရဲအုပ်ဝင်းပိုင်ရဲဒုတပ်ကြပ်ပြည့်ဖြိုးအောင်၊သက်သေအောင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ဦးအောင်ကျော်နိုင်(ရာအိမ်မှူးဦးမြင့်သန်းဦးသန်းဝင်းတို့နှင့်အတူသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ

မောင်အောင်ကျော်ထွန်း (၃၂)နှစ်၊ညည၇၆/၁၀သင်ပုန်းကုန်းရပ်ကွက်၊ပြည်ကြီးတံခွန်မြို့နယ်နေသူဖြစ်ပြီးအောင်သာယာရပ်ကွက်၊၁၁၆(ဂန္ဓမာ)•၁၁၇(ယုဇန)လမ်း၊၄လမ်းအနောက်ရှိခြံဝန်းအလွတ်ရှိအုတ်တံတိုင်းခြံစည်းရိုးတွင်သွပ်နန်းကြိုးအားကြိုးအဖြင့်အသုံးပြု၍ကြီးလွဲချသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့်

သေဆုံးအလောင်၏အနီးဝန်းကျင်အားသက်သေများနှင့်အတူစိစစ်ရာအောင်သမာဓိတံဆိပ်ပါဗလာစာအုပ်အတွင်း၌ဘလိတ်ဓား(၁)ချောင်းနှင့် သွေးများ၊ ဖြင့် ရေးသားသည့်” ကျုပ်ကို ခိုင်းလို့လုပ်တာ၊ ပိုက်ဆံ လည်းကျုပ်မရဘူး၊ဒါမိသားစုနှင့်မဆိုင်ဘူး၊နောင်ဘဝမှာလူကြီးဖြစ်အောင်လုပ်မယ်”ဟုသောစာသားများတွေ့ရကာ၎င်း၏ခန္ဓာကိုယ်အားစစ်ဆေးခဲ့ရာ

လျာအနည်းငယ်ထွက်ခြင်း၊လိင်တံမှသုတ်ရည်များထွက်ခြင်း၊ဝဲဘက်လက်ခုံမှသွေးများထွက်နေခြင်း၊လည်ပင်း၌ သွပ်နန်းကြီုးအရာများသာတွေ့ရပြီး အခြားပြင်ပဒဏ်ရာများမရှိတွေ့ရှိခဲ့သဖြင့်၎င်းသေဆုံးသူအလောင်းအားရဲဆေးစာရေးသား၍မန္တလေးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ရာPR(11/2020)ဖြင့်လက်ခံခဲ့ပြီးအောင်ကျော်ထွန်းရုတ်တရက်သေဆုံးခြင်းနှင့်ပတ်သက်၍မ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ဒုအုပ် သဉ္ဇာထွေးမှတရားလိုပြုလုပ်တိုင်တန်းခဲ့ရာအောင်ပင်လယ်နယ်မြေရဲစခန်းသေမုှသေခင်းအမှတ်(၆/၂၀၂၀)နှင့်အမုှရေးဖွင့်ဆောင်ရွက်ခဲ့သည်ဟုဆို၏။

ရဲစခန်းအချင်းချင်းချိတ်ဆက်ခဲ့ရာမှသေဆုံးသူအောင်ကျော်ထွန်းမှာလွန်ခဲ့သော၁၅.၁၀.၂၀၂၀ရက်နေ့နေ့လည်၃နာရီခွဲခန့်အချိန်တွင်မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းနှင့်ရတနာလမ်းထောင့်ရှိယူအေဘီဘဏ်အတွင်းသို့ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍Maskတပ်ဆင်လျက်အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး လုံခြုံရေးနှင့်ဘဏ်ဝန်ထမ်း များအားသေနတ်အတို(စိစစ်ဆဲ)ဖြင့်ချိန်ရွယ်၍ငွေကျပ်သိန်း၂၀၀လုယက်ယူဆောင်ပြီး4D-5422MarkIIအဖြူရောင်ယာဉ်ဖြင့်မောင်းနှင်ထွက်ပြေးခဲ့ကြောင်းသိရသည်။

အမှုနှင့်ပတ်သက်၍ ဖြစ်လျှင်ဖြစ်ခြင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကစုံစမ်းရာပြစ်မှုကျူးလွန်သူ အသုံးပြုခဲ့သည့် 4D-5422 Mark II အဖြူရောင်ယာဉ်ကို ကားအတွင်း ထိုင်ခုံများအား ဓါတ်ဆီလောင်းမီးရှို့ထားပြီးပြည်ကြီးတံခွန်မြို့နယ်၊(ခ)ရပ်ကွက်အတွင်းရှိဒူးကြားလမ်းပေါ်တွင်ယင်းနေ့ညနေပိုင်းတွင်တွေ့ရှိရကြောင်း၊

ယာဉ်နှင့်ပတ်သက်၍စိစစ်ခဲ့ရာ၎င်းယာဉ်သည်လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း၊ယာဉ်အတွင်းရှာဖွေရာလေသေနတ်တွင်ထည့်သွင်းအသုံးပြုသည့်ဘောစေ့များနှင့်ယာဉ်ဒက်ရှ်ဘုတ်ပေါ်၌ “ကားရွှေ့လိုလျှင် ၀၉၆၇…….”ဟု ရေးထားသည့် စာရွက်တစ်ရွက်တွေ့ရကြောင်း၊

ယင်းဖုန်းနံပါတ်ကိုစိစစ်ရာဖုန်းမှတ်ပုံတင်ထားသူမှာ အောင်ကျော်ထွန်း၊၊ရွှေဘိုမြို့နေသူ ဖြစ်ကြောင်း သိရှိရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ချိတ်ဆက်စုံစမ်းခဲ့ရာယင်းမှတ်ပုံတင်ကိုင်ဆောင်သူသည်လွန်ခဲ့သည့်၁၀နှစ်ခန့်ကတည်းကမန္တလေးမြို့သို့ပြောင်းရွှေ့နေထိုင်သည်ကိုစုံစမ်းရရှိကြောင်း၊

မှတ်ပုံတင်နံပါတ်ကိုအခြေခံ၍ဆက်လက်စုံစမ်းခဲ့ရာအောင်ကျော်ထွန်းသည်မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်တွင်နေထိုင်ကြောင်းအတည်ပြုရရှိ၍၎င်း၏နေအိမ်သို့၁၆.၁၀.၂၀၂၀ရက်နေ့ညတွင်စောင့်ကြည့်စိစစ်ရာထူးခြားလှုပ်ရှားမှုတစ်စုံတစ်ရာမရှိကြောင်း၊

သို့ဖြစ်၍နံနက်လင်းချိန်တွင် အိမ်အတွင်း ဝင်ရောက်စိစစ်ခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ ဇနီးဖြစ်သူသာ တွေ့ရှိရပြီး ယာဉ်ပေါ်တွင်တွေ့ရသောဖုန်းနံပါတ်၀၉၆၇၆၇၆၇၅၆၁မှာအောင်ကျော်ထွန်း၏ဖုန်းနံပါတ်မှန်ကန်ကြောင်းနှင့် ယာဉ်မှာလည်း ၎င်းတို့ဝယ်ယူထားသည့် ယာဉ်မှန်ကန်ကြောင်းကိုအတည်ပြုစိစစ်ရရှိခဲ့ကြောင်း၊

အောင်ကျော်ထွန်းသည် အဆိုပါယာဉ်ကို စက်တင်ဘာလအတွင်းက Online မှ တစ်ဆင့် အောင်ပြည့်ဖြိုးသူ(ခ)ကောင်းခန့်ကျော်နှင့်ချိတ်ဆက်၍ဝယ်ယူခဲ့သည်ကို၎င်း၏ဖုန်းမှတ်တမ်းများအရစိစစ်တွေ့ရှိရပြီးဘောစေ့နှင့်ပစ်သည့်သေနတ်ကိုလည်းOnlineမှတစ်ဆင့်ချိတ်ဆက်ဝယ်ယူခဲ့သည်ကိုတွေ့ရှိရကြောင်း၊

အောင်ကျော်ထွန်းအားဖမ်းဆီးရမိရေးဆက်လက်စုံစမ်းနေစဉ်နံနက်၇နာရီခွဲအချိန်တွင်ချမ်းမြသာစည်မြို့နယ်၊ဗဟိုမီးသတ်ခြံဝင်း၏အပြင်ဘက်တွင်လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်းသတင်းအရရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာသေဆုံးသူ၏လက်ကောက်ဝတ်တွင်သွေးကြောအားဓါးဖြင့်အနည်းငယ်လှီးထားသည့်ဒဏ်ရာနှင့် သေဆုံးသူအနီး၌ ၅၉ယ/၅၂၆၉၈ နံပါတ်ပါ ဆိုင်ကယ်ကိုတွေ့ရပြီးဆိုင်ကယ်Toolboxအတွင်းမှ အောင်ကျော်ထွန်း အမည်ပါမှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုဇယားမိတ္တူတို့ကိုတွေ့ရှိရသဖြင့်သေဆုံးသူမှာအမှုဖြင့်စုံစမ်းလျက်ရှိသည့်အောင်ကျော်ထွန်းဖြစ်သည်ကိုအတည်ပြုရရှိခဲ့ကြောင်းသိရကာဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

အောင်ကျော်ဦး(ပြည်မျက်လုံး)S.H

ရူှထောင့်မုှခင်းနှင့်သတင်းဂျာနယ်