ကိုဗစ္ ကပ္က မျပီး ေသးဘူး ေနာက္ထပ္ တစ္ခု လာျပန္ျပီ

ကိုဗစ္ ကပ္က မျပီး ေသးဘူး ေနာက္ထပ္ တစ္ခု လာျပန္ျပီ

ႏွစ္ေပါင္း၇၀အတြင္း အျပင္းထန္ဆုံး အင္အားျပင္း တိုင္ဖုန္းမုန္တိုင္း ( Haishen )

တိုင္ဖုန္းမုန္တိုင္း ( Haishen ) ေသာၾကာေန႔မွာ ဂ်ပန္ေတာင္ပိုင္းကို ခ်ဥ္းကပ္လာေနၿပီး မၾကာခင္ရက္ပိုင္းအတြင္းမွာပဲ ဂ်ပန္ႏိုင္ငံ က်ဴးရႈးကြၽန္းကေန –

ကုန္းတြင္းပိုင္းဘက္ဆီကို တနာရီကို မိုင္ ၂၀၀ေက်ာ္ႏႈန္းနဲ႔ ျဖတ္သန္းဝင္ေရာက္ တိုက္ခတ္ လာမွာျဖစ္တယ္ လို႔ ျမန္မာသံ႐ုံးက သတိေပးပါတယ္။

 

အထူးသျဖင့္ အိုကီနာဝါကြၽန္း၊ အားမားမိကြၽန္း၊ က်ဴရႈးကြၽန္း နဲ႔ ဂ်ပန္ႏိုင္ငံ အလယ္ပိုင္းမွာေနထိုင္တဲ့ ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားေတြ လိုအပ္တဲ့ သဘာဝေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရးအစီမံေတြႀကိဳတင္ေဆာင္႐ြက္ထားၾကပါလို႔အထူးသတိေပးႏိုးေဆာ္ေနတာပါ။

 

ဂ်ပန္ႏိုင္ငံမွာ ႏွစ္စဥ္ ဒီအခ်ိန္ဆို အင္အားျပင္း တိုင္ဖုန္းမုန္တိုင္းေတြ တိုက္ခတ္ေလ့ရွိေပမဲ့ ဒီတခါ တိုက္ခတ္မယ့္မုန္တိုင္းကေတာ့ ႏွစ္ေပါင္း၇၀အတြင္း အျပင္းထန္ဆုံး လို႔ဆိုရမယ့္ အင္အားျပင္း တိုင္ဖုန္းမုန္တိုင္းျဖစ္တာေၾကာင့္

သဘာဝေဘးအႏၲရာယ္က ကာကြယ္ႏိုင္ေရး ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားေတြႀကိဳတင္ျပင္ဆင္ေနၾကပါတယ္လို႔ ျပည္ေထာင္စုျမန္မာႏိုင္ငံသားမ်ားအသင္း (ဂ်ပန္)က ဦးသန္းေဆြက ေျပာျပပါတယ္။

 

SumonAye VOA

Unicode

ကိုဗစ် ကပ်က မပြီး သေးဘူး နောက်ထပ် တစ်ခု လာပြန်ပြီ

နှစ်ပေါင်း၇၀အတွင်း အပြင်းထန်ဆုံး အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ( Haishen )

တိုင်ဖုန်းမုန်တိုင်း ( Haishen ) သောကြာနေ့မှာ ဂျပန်တောင်ပိုင်းကို ချဉ်းကပ်လာနေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဂျပန်နိုင်ငံ ကျူးရှုးကျွန်းကနေ –

ကုန်းတွင်းပိုင်းဘက်ဆီကို တနာရီကို မိုင် ၂၀၀ကျော်နှုန်းနဲ့ ဖြတ်သန်းဝင်ရောက် တိုက်ခတ် လာမှာဖြစ်တယ် လို့ မြန်မာသံရုံးက သတိပေးပါတယ်။

အထူးသဖြင့် အိုကီနာဝါကျွန်း၊ အားမားမိကျွန်း၊ ကျူရှုးကျွန်း နဲ့ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာနေထိုင်တဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီမံတွေကြိုတင်ဆောင်ရွက်ထားကြပါလို့အထူးသတိပေးနိုးဆော်နေတာပါ။

ဂျပန်နိုင်ငံမှာ နှစ်စဉ် ဒီအချိန်ဆို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမဲ့ ဒီတခါ တိုက်ခတ်မယ့်မုန်တိုင်းကတော့ နှစ်ပေါင်း၇၀အတွင်း အပြင်းထန်ဆုံး လို့ဆိုရမယ့် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဖြစ်တာကြောင့်

သဘာဝဘေးအန္တရာယ်က ကာကွယ်နိုင်ရေး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကြိုတင်ပြင်ဆင်နေကြပါတယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ဂျပန်)က ဦးသန်းဆွေက ပြောပြပါတယ်။

SumonAye VOA