ထိုင်းနိုင်ငံက ဘတ်သန်း ၁၀၀ နီးပါးခန့်ကြီးကျယ်ခမ်းနားတဲ့ တစ်ကိုယ်တော် ဒုလ္လဘရဟန်းခံပွဲ






Photo #SiamNewsTeam

#SiThuMaung

unicode

ထိုင်းနိုင်ငံက ဘတ်သန်း ၁၀၀ နီးပါးခန့်ကြီးကျယ်ခမ်းနားတဲ့ တစ်ကိုယ်တော် ဒုလ္လဘရဟန်းခံပွဲ

ထိုင်းနိုင်ငံ တောင်ပိုင်း ယလားခရိုင် ဘန်းနားစတားမြို့နယ်က ” စီဝိလိုင်း ရွှေဆိုင် “ ပိုင်ရှင်ရဲ့သားဖြစ်သူ နိုင်ထီးလချိုင်း ခုန်ထောင်း ( သို့ ) ကျိကျိပီပိုး ဆိုသူရဲ့ ဒုလ္လဘရဟန်းခံပွဲကို ကြီးကျယ်ခမ်းနားတဲ့အဆင်တန်ဆာတွေဆင်မြန်းပြီး ရှေးယင် မဟာချက်ကရီမင်းဆက် – ၅ ဆက်ခေတ်ကလိုဝတ်ဆားဆင်ယင်၍ ဝင်းခင်းကာ ၃ ရက်တိုင်တိုင် နာမည်ကြီးတေးသံရှင်တွေကိုငှါးကာကျင်းပခဲ့တာကြောင့်ထိုင်းလူမှုကွန်ယက်မှာအကောင်းမြင်သူတွေနဲ့ထိုးနှက်က်ချက်တွေခံခဲ့ရပါတယ် ။

သူဟာရုပ်ရှင်ဇာတ်ကားတစ်ခုလို သရုပ်ဆောင်ချက်တွေနဲ့အတူ ရဟန်းခံတာနဲ့မတူဘဲထင်ပေါ်ကျော်ကြားမှုကိုလိုချင်လို့ဤသို့ပြုမူသည်ဟုဆိုကြပါသည် ။

ယခင်ကသူ၏ရွှေဆိုင်မှလက်ဝတ်ရတနာများကို လူမှုကွန်ယက်ကနေ Live လွှင့်ပြီးရောင်းချစဉ် ရောင်းတုန်းကတစ်မျိုး ဝယ်ယူအားပေးတဲ့အခါမှာ ၉၆.၅၀ ရာခိုင်နှုန်းသာရှိသဖြင့် Customer ၅၀၀၀ ခန့်ကဝိုင်းဝန်းတိုင်ကြားမှုကြောင့်အရေးယူခခဲ့ရဖူးတယ်လို့ဆိုကြပါတယ် ။

လူအများအမြင်မှာတော့သူဟာ ဘာသာရေးကိုအကြောင်းပြပြီး ရှေးထုံးတမ်းအစဉ်အလာထက်ကျော်လွန်ပြီး Performance မျိုးစုံ ၊ ပကာသနမျိုးစုံနဲ့သာသနာပြုတာဖြစ်တယ်လို့ပြစ်တင်ဝေဖန်ခြင်းကိုခံခဲ့ရပါတယ် ။

Photo #SiamNewsTeam

#SiThuMaung