ခင္ပြန္းကို ငတုံးလုိ႔ထင္ၿပီး လင္ငယ္နဲ့ ေဖာက္ျပန္ေနတဲ့ အမ်ိဳးသမီး အဖမ္းခံရ

ခင္ပြန္းကို ငတုံးလုိ႔ထင္ၿပီး လင္ငယ္နဲ့ ေဖာက္ျပန္ေနတဲ့ အမ်ိဳးသမီး အဖမ္းခံရ

ဖိလစ္ပိုင္ႏုိင္ငံ၊ Mandaue ၿမိဳ႕မွာ အိမ္ေထာင္သည္ အမ်ိဳးသမီးတစ္ေယာက္ဟာ လင္ငယ္အမိ်ဳးသားတစ္ေယာက္နဲ႔ ခင္ပြန္းေနာက္ကြယ္မွာ ေဖာက္ျပန္ေနခဲ့ပါတယ္။ သတင္းမွာ အမ်ိဳးသမီးနဲ႔ေဖာက္ျပန္ေနသူကို Toyboy ဟု သုံးထားတဲ့အတြက္ အမ်ိဳးသမီးထက္ အဆေပါင္းမ်ားစြာ ငယ္ရြယ္တဲ့အမ်ိဳးသားတစ္ေယာက္လုိ႔ ယူဆရပါတယ္။

 

ေဖာက္ျပန္သူအမ်ိဳးသမီးရဲ႕ ခင္ပြန္းျဖစ္သူဟာ ႏုိင္ငံျခားတုိင္းျပည္တစ္ခုမွာ ေရနံနဲ႔သဘာဝသတၱဳ တူးေဖာ္တဲ့ လုပ္ငန္းခြင္မွာ အလုပ္လုပ္သူပါ။ ယခင္ကေတာ့ သူ Mandaue ၿမိဳ႕ကို ျပန္လာတုိင္း ဇနီးျဖစ္သူဟာ အၿမဲတမ္း ေဖာ္ေဖာ္ေရြေရြ ရွိေနၿပီး၊ လုိေလေသးမရွိ ျပဳစုဆက္ဆံတယ္လုိ႔ ဆုိပါတယ္။ ဒီတစ္ေခါက္မွာေတာ့ သူမက ခပ္စိမ္းစိမ္းပါတဲ့။

 

ဒါနဲ႔ အေတာ္ေလး မသကၤာျဖစ္ၿပီး၊ ဇနီးျဖစ္သူရဲ႕ မူမမွန္တဲ့အေျခအေနကို လုံးမသိေယာင္ေဆာင္၊ ငတုံးတစ္ေယာက္လုိ ေနျပကာ စုံစမ္းေျခရာခံတာေတြ လုပ္ခဲ့ပါတယ္။ တစ္ရက္မွာေတာ့ ဇနီးျဖစ္သူက သူမ ႐ုံးမွာ အခ်ိန္ပုိဆင္းရမွာ ျဖစ္လုိ႔၊ ႐ုံးမွာပဲ ျဖစ္သလုိ ညအိပ္မယ္လုိ႔ ဖုန္းဆက္ပါသတဲ့။ ဒီအထိ လင္ျဖစ္သူက ၿငိမ္ေနဆဲပါ။

 

ေနာက္တစ္ရက္က်ေတာ့ ခင္ပြန္းျဖစ္သူက သူမကို အျပင္မွာ တစ္ခုခုစားရေအာင္ ေခၚပါတယ္။ သူမ လုိက္လာခဲ့ၿပီး၊ ႐ုတ္တရက္ ဖုန္း Misscall တစ္ခု ဝင္လာပါတယ္။

သူမ ခ်က္ခ်င္းျပန္မဆက္ဘဲ အေပါ့အပါးသြားတဲ့ပုံစံနဲ႔ ထြက္သြားၿပီး အဲဒီလူဆီကို ဖုန္းျပန္ေခၚခဲ့ပါတယ္။ ဒီလုိနဲ႔ သူမက ႐ုံးကေန အေရးေပၚလွမ္းေခၚတာလုိ႔ေျပာၿပီး ထြက္သြားခဲ့ပါတယ္။

 

ဒီအခါမွာေတာ့ ခင္ပြန္းျဖစ္သူက ခ်က္ခ်င္း ေနာက္ေယာက္ခံ လုိက္ခဲ့ပါတယ္။ ခင္ပြန္းက ဘာဆက္လုပ္ရမွန္းမသိေတာ့ သူငယ္ခ်င္းေတြကို ဖုန္းဆက္ခဲ့ပါတယ္။

သူငယ္ခ်င္းေတြက ရဲကို အေၾကာင္းၾကားေပးခဲ့ၿပီး၊ သံသရွိခံရသူဇနီးသည္ ဝင္သြားတဲ့ ေဟာ္တယ္ဆီကို ေျခရာခံ လုိက္ေစခဲ့ပါတယ္။ ေဟာ္တယ္ဝန္ထမ္းေတြက ေပးမဝင္ခဲ့ပါဘူး။

 

ေနာက္ေတာ့ ရဲေတြ ပါလာတဲ့အခါမွာ ေဟာ္တယ္ဝန္ထမ္းေတြလည္း ဘယ္လုိမွ မတက္ႏုိင္ေတာ့ဘဲ ေဖာက္ျပန္သူႏွစ္ဦးရွိရာ အခန္းကို ျပရပါေတာ့တယ္။ အခန္းထဲကို ဝင္ေတာ့ ႏွစ္ေယာက္စလုံး မေတြ႕ရပါဘူး။ ဒါေပမယ့္ ရဲေတြက မ်က္ႏွာက်က္ထပ္ခုိးမွာ သူတုိ႔တစ္ေတြ ရွိေနႏုိင္တာ သိေနပါတယ္။ မၾကာမီမွာပဲ ဖိနပ္တစ္ဖက္ ျပဳတ္က်လာပါတယ္။

ဒါေၾကာင့္ ရဲေတြက ေလွကားနဲ႔တက္ၾကည့္ၿပီး ႏွစ္ေယာက္စလုံးကို အျမန္ဆင္းလာဖုိ႔ ေျပာခဲ့ပါတယ္။ အမ်ိဳးသားက ဆင္းလာခဲ့ေပမယ့္ အမ်ိဳးသမီးက ရဲေမရဲ႕အကူအညီမပါဘဲ အဖမ္းမခံႏုိင္ဘူးလုိ႔ အၾကပ္ကုိင္ပါေသးတယ္။

ခင္ပြန္းျဖစ္သူကေတာ့ ေဖာက္ျပန္သူႏွစ္ေယာက္စလုံးကို အမႈဖြင့္တရားစြဲဆုိထားပါတယ္။ အိမ္ေထာင္ေရးေဖာက္ျပန္ေၾကာင္း ျပစ္မႈခုိင္လုံရင္ အမ်ိဳးသမီးမွာ ေထာင္(၆)ႏွစ္ က်ခံရမွာပါ။

လင္းေဇာ္ကုိ

Ref ; The Sun

Unicode

ခင်ပွန်းကို ငတုံးလို့ထင်ပြီး လင်ငယ်နဲ့ ဖောက်ပြန်နေတဲ့ အမျိုးသမီး အဖမ်းခံရ

ဖိလစ်ပိုင်နိုင်ငံ၊ Mandaue မြို့မှာ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ဟာ လင်ငယ်အမျိုးသားတစ်ယောက်နဲ့ ခင်ပွန်းနောက်ကွယ်မှာ ဖောက်ပြန်နေခဲ့ပါတယ်။ သတင်းမှာ အမျိုးသမီးနဲ့ဖောက်ပြန်နေသူကို Toyboy ဟု သုံးထားတဲ့အတွက် အမျိုးသမီးထက် အဆပေါင်းများစွာ ငယ်ရွယ်တဲ့အမျိုးသားတစ်ယောက်လို့ ယူဆရပါတယ်။

ဖောက်ပြန်သူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ရေနံနဲ့သဘာဝသတ္တု တူးဖော်တဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်သူပါ။ ယခင်ကတော့ သူ Mandaue မြို့ကို ပြန်လာတိုင်း ဇနီးဖြစ်သူဟာ အမြဲတမ်း ဖော်ဖော်ရွေရွေ ရှိနေပြီး၊ လိုလေသေးမရှိ ပြုစုဆက်ဆံတယ်လို့ ဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ သူမက ခပ်စိမ်းစိမ်းပါတဲ့။

ဒါနဲ့ အတော်လေး မသင်္ကာဖြစ်ပြီး၊ ဇနီးဖြစ်သူရဲ့ မူမမှန်တဲ့အခြေအနေကို လုံးမသိယောင်ဆောင်၊ ငတုံးတစ်ယောက်လို နေပြကာ စုံစမ်းခြေရာခံတာတွေ လုပ်ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဇနီးဖြစ်သူက သူမ ရုံးမှာ အချိန်ပိုဆင်းရမှာ ဖြစ်လို့၊ ရုံးမှာပဲ ဖြစ်သလို ညအိပ်မယ်လို့ ဖုန်းဆက်ပါသတဲ့။ ဒီအထိ လင်ဖြစ်သူက ငြိမ်နေဆဲပါ။

နောက်တစ်ရက်ကျတော့ ခင်ပွန်းဖြစ်သူက သူမကို အပြင်မှာ တစ်ခုခုစားရအောင် ခေါ်ပါတယ်။ သူမ လိုက်လာခဲ့ပြီး၊ ရုတ်တရက် ဖုန်း Misscall တစ်ခု ဝင်လာပါတယ်။

သူမ ချက်ချင်းပြန်မဆက်ဘဲ အပေါ့အပါးသွားတဲ့ပုံစံနဲ့ ထွက်သွားပြီး အဲဒီလူဆီကို ဖုန်းပြန်ခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမက ရုံးကနေ အရေးပေါ်လှမ်းခေါ်တာလို့ပြောပြီး ထွက်သွားခဲ့ပါတယ်။

ဒီအခါမှာတော့ ခင်ပွန်းဖြစ်သူက ချက်ချင်း နောက်ယောက်ခံ လိုက်ခဲ့ပါတယ်။ ခင်ပွန်းက ဘာဆက်လုပ်ရမှန်းမသိတော့ သူငယ်ချင်းတွေကို ဖုန်းဆက်ခဲ့ပါတယ်။

သူငယ်ချင်းတွေက ရဲကို အကြောင်းကြားပေးခဲ့ပြီး၊ သံသရှိခံရသူဇနီးသည် ဝင်သွားတဲ့ ဟော်တယ်ဆီကို ခြေရာခံ လိုက်စေခဲ့ပါတယ်။ ဟော်တယ်ဝန်ထမ်းတွေက ပေးမဝင်ခဲ့ပါဘူး။

နောက်တော့ ရဲတွေ ပါလာတဲ့အခါမှာ ဟော်တယ်ဝန်ထမ်းတွေလည်း ဘယ်လိုမှ မတက်နိုင်တော့ဘဲ ဖောက်ပြန်သူနှစ်ဦးရှိရာ အခန်းကို ပြရပါတော့တယ်။ အခန်းထဲကို ဝင်တော့ နှစ်ယောက်စလုံး မတွေ့ရပါဘူး။ ဒါပေမယ့် ရဲတွေက မျက်နှာကျက်ထပ်ခိုးမှာ သူတို့တစ်တွေ ရှိနေနိုင်တာ သိနေပါတယ်။ မကြာမီမှာပဲ ဖိနပ်တစ်ဖက် ပြုတ်ကျလာပါတယ်။

ဒါကြောင့် ရဲတွေက လှေကားနဲ့တက်ကြည့်ပြီး နှစ်ယောက်စလုံးကို အမြန်ဆင်းလာဖို့ ပြောခဲ့ပါတယ်။ အမျိုးသားက ဆင်းလာခဲ့ပေမယ့် အမျိုးသမီးက ရဲမေရဲ့အကူအညီမပါဘဲ အဖမ်းမခံနိုင်ဘူးလို့ အကြပ်ကိုင်ပါသေးတယ်။

ခင်ပွန်းဖြစ်သူကတော့ ဖောက်ပြန်သူနှစ်ယောက်စလုံးကို အမှုဖွင့်တရားစွဲဆိုထားပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်ကြောင်း ပြစ်မှုခိုင်လုံရင် အမျိုးသမီးမှာ ထောင်(၆)နှစ် ကျခံရမှာပါ။

လင်းဇော်ကို

Ref ; The Sun